ပန်းတောင်းမြို့နယ် ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ခန်းနေဆရာတော်အား ဓားဖြင့်ခုတ်သူကို အမှုဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ခန်းနေဆရာတော်အား ဓားဖြင့်ခုတ်သူကို အမှုဖွင့်






MNP ၊ ဇန်နဝါရီ ၂၉

ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ခန်းနေဆရာတော် ဦးပညာဇောတအား ယမန်နေ့က ရွာထဲမှ ဦးချစ်ခဆိုသူက ဓားဖြင့်ခုတ်ရာ သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

ဆရာတော်၏ ဒကာတစ်ဦးက "ပြဿနာက ဒီလူကြီးက ကျောင်းကိုလာပြီး ဆရာတော်ကို မေးတယ်တဲ့။ ကျောင်းခြံဝိုင်းထဲက သစ်ပင်ကို ဘယ်သူခုတ်သွားသလဲပေါ့။ ကျောင်းထိုင်ဆရာတော်ကလည်း မသိတော့ မသိဘူး။ ဘယ်သူ ဝင်ခုတ်သွားမှန်း မသိဘူးပေါ့။ ဦးပညာဇောတကလည်း အဲဒီလိုပဲ ဘယ်သူခုတ်လို့ ခုတ်သွားမှန်း မသိတဲ့အကြောင်း ရှင်းပြတာကို အဲဒီလူက ဆရာတော်ကို မေးတာမဟုတ်ဘူးဆိုပြီး ဓားနဲ့ထခုတ်တာ။ ဆရာတော်က သင်္ကန်းပတ်ထားလို့ပေါ့။ လည်ပင်းကို ခုတ်တာ။ သင်္ကန်းမရှိရင်တော့ ထိခိုက်ဒဏ်ရာ ပြင်းထန်မှာပေါ့။ အသက်အန္တရာယ်ရှိပါတယ်။ သင်္ကန်းခံနေလို့သာပေါ့။ သူ့ခြံထဲက အပင်ကို ခုတ်တာလည်း မဟုတ်ဘူး။ ကျောင်းဝင်းထဲက သစ်ပင်ကိစ္စနဲ့ အဲဒီလူက ဆရာတော်ကို ဓားနဲ့ခုတ်တာ" ဟု ပြောသည်။

ယနေ့နံနက် သက်ဆိုင်ရာ စခန်းမှ အမှုစစ် လာရောက်စစ်ဆေးသွားပြီး ဆရာတော်ဦးပညာဇောတအား ဓားဖြင့်ခုတ်သူ ဦးချစ်ခအား ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)