MNP ၊ ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း၊သာမဏေ၊သီလရှင်များအား စားအုန်းဆီဆက်ကပ်လှူဒါန်းခြင်းကို ပေါက်တောမြို့ ဘဝမ်းဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ ပေါက်တောမြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များနှင့်ပင့်ဖိတ်ထားသည့် သံဃာတော်များအား ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များက ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း ၊သာမဏေ ၊သီလရှင် အပါး(၈၃၉)ပါးအတွက် စားအုန်းဆီ (၂၅၁)ပိဿာ(၇၀)ကျပ်သားကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက်ပေါက်တောမြို့နယ်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၈)စုအတွက် အိမ်ထောင်စုတစ်စုလျင် စားအုန်ဆီ (၁)ပိဿာနှုန်းဖြင့် (၃၈)ပိဿာတို့ကိုထောက်ပံ့ပေးကြသည်။
ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် စားအုန်ဆီ (၂၈၉)ပိဿာ(၇၀)ကျပ်သားထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment