MNP - ဇန်နဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၅၆၆၄) ဦးရှိပြီး သေဆုံးသူ (၈၁၁) ဦးရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာအစိုးရဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ Volunteer နှင့်ပရဟိတအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက် သောကြောင့် တိုင်းဒေသကြီးတွင်ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုလျော့နည်း ကျဆင်းလာသည်ကို တွေ့ရ ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများ ကိုအရှိန်အဟုန်မပျက ဆက်လက်လုပ်ကိုင် ဆောင်ရွက်ပေးစေလိုကြောင်း၊ လတ်တလောတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန် စတင်တွေ့ရှိခဲ့သဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် အသေးစိတ်စီမံချက်ရေးဆွဲထားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထိုနောက်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment