အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအား ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအား ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြု








MNP - ဇန်နဝါရီ   ၂၆

၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းသည် တောင်ကုတ်မြို့၊ကျောက်တော်မြို့၊မင်းပြားမြို့၊အမ်းမြို့နှင့် မြောက်ဦးခရိုင် ရှိမြိုနယ် များသို့ လှည့်လည်အောင်ပွဲခံခဲ့ပြီး မြို့နယ်အသီးသီးမှ  မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ အောင်ပွဲရ ရခိုင်ပြည်နယ် U-25 အမျိုးသမီးဘောလုံးအသင်းသည် အုပ်ချုပ်သူများနှင့်အတူ စစ်တွေမြိုမှတဆင့် မော်တော်ယာဉ်များဖြင့်တောင်ကုတ်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများက  ရခိုင်စည်တော်အဖွဲနှင့်အတူ အောင်စည်တီး၍လည်းကောင်း၊ ကျောင်းသား/သူများက ပန်းကုံး၊ ပန်းစည်းများပေးအပ်၍လည်းကောင်း ဂုဏ်ပြုကြိုဆိုခဲ့ ကြပြီးနောက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲမှ ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ပွဲရ U -25 ရခိုင်အမျိုးသမီးအသင်းသင်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ဂုဏ်ပြုဆုငွေများ ထပ်မံချီးမြှင့်ခဲ့ပြီး ယနေ့ လှည့်လည်အောင်ပွဲခံရာတွင် အမြို့မြို့အနယ်နယ်က သိုက်သိုက်ဝန်းဝန်း ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)