ပခုက္ကူမြို့၊ ရွှေလမ်းကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၊ ရွှေလမ်းကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး


MNP - ဇန်နဝါရီ    ၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ရွှေလမ်းကတ္တရာလမ်း အဆင့်မြှင်တင်ခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလရက်နေ့မှစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေကျပ် ၂၈၅ သန်းဖြင့် အရှည် ၄၇၈၇ ပေ၊ အကျယ်၂၄ ပေရှိသည့် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း၊ အရှည် ၂၉၉၄ ပေ၊ အကျယ်သုံးပေ၊ ထုသုံးပေရှိသည့် အုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း၊ အရှည် ၄၀ ပေ၊ အကျယ်ခြောက်ပေ၊ ထုသုံးပေရှိသည့် တံတား(၁၉)စင်း တည်ဆောက်ခြင်း လုပ်ငန်းစသည့် ရွှေလမ်းကတ္တရာလမ်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလ၃ ရက်နေ့မှစတင်ပြီး  Puretech Engineering ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ရာ ဩဂုတ်လ ၂၆ရက်နေ့တွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

သတင်း - ဆလိုင်းကိုကီး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)