စဉ့်ကိုင်မြို့နယ်တွင် အစိုးရသတင်းထုတ်ပြန်ချက်အား စက်ရုံ/အလုပ်ရုံများ သိရှိနိုင်စေရေး တွေ့ဆုံစည်းဝေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင် အစိုးရသတင်းထုတ်ပြန်ချက်အား စက်ရုံ/အလုပ်ရုံများ သိရှိနိုင်စေရေး တွေ့ဆုံစည်းဝေး




MNP - ဇန်နဝါရီ    ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွ တိတ်ဆိတ်ငြိမ်သက်မှု (Silence Strike) မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အစည်း အဝေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က အကြမ်းဖက် အုပ်စုများဖြစ်သည့် CRPH/NUG နှင့် ယင်းတို့လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ် နေသော အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း ၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက် သပိတ်ပြုလုပ်ရန် လှုံ့ဆော်ထားရှိမှုအပေါ် စက်ရုံ/ အလုပ်ရုံများ အကြောင်းမဲ့ပိတ်ထားခြင်း မရှိစေရေးနှင့် စက်ရုံအလုပ်ရုံများ ဈေးဆိုင်များအား ၎င်းတို့နှိုးဆော်ထားသည့်နေ့တွင် ပိတ်သည်ဆိုပါက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂/က ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည်ဖြိုးအောင်နှင့် အဖွဲ့ဝင်များက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော CRPH ၊ NUG နှင့် ယင်းတို့လက်အောက်ခံ အဖွဲ့အစည်းများ၊ ဆက်နွယ်နေသော အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက် တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။ ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု ၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း ၊ အသံဖြင့်ဖြစ်စေ ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများ ပြည်သူ အနှောင့်အယှက် ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေ ခြင်း အားပေးကူညီခြင်းများ မပြုလုပ်ရန် ပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြပြီး သတင်းထုတ်ပြန် ကြေညာချက်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

သတင်း - အောင်ပိုင်ပိုင်ကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)