ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှ ဟိုတယ်လုပ်ငန်းတစ်ခုအား အတည်ပြုမိန့်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှ ဟိုတယ်လုပ်ငန်းတစ်ခုအား အတည်ပြုမိန့်ထုတ်ပေး





MNP ၊ ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် ဟိုတယ်လုပ်ငန်းတစ်ခုအား ဇန်နဝါရီလ ၂၈ ရက်နေ့  နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပ သည့် ကရင်ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ(၁/၂၀၂၂)အစည်းအဝေးမှ ကော်မတီအဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုမိန့်ထုတ်ပေးခဲ့ကြသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦး စောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ အစဉ်အမြဲဖိတ် ခေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအပြင် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံကောင်းများရှိသည့်အတွက် လာရောက် ရင်းနှီးမြှုပ်နှံရန်ရေခံမြေခံကောင်းသည့် ပြည်နယ် တစ်ခုဖြစ်ပါကြောင်း၊ ကိုဗစ်အလွန်ကာလတွင် ဒေသတွင်းခရီးသွား လုပ်ငန်းများ ပိုမိုကျယ်ပြန့်လာ စေရေးအတွက် ခရီးစဉ်ဒေသသစ်များကိုလည်း ရှာဖွေဖော်ထုတ်လျှက်ရှိကြောင်း၊ လာရောက်ရင်း နှီးမြှုပ်နှံသူများနှင့် ၎င်းတို့လုပ်ကိုင်သည့်လုပ်ငန်းများကိုလည်း ဥပဒေဘောင်အတွင်းမှ ကာကွယ် စောင့်ရှောက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တော်ပုံကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၆-0.S.S၊ ထမ္မလောက်ကြေး တိုင်ပြင်ကွင်း မြေဧရိယာ ၈ ဒသမ ၄၁ ဧကတွင် ဟိုတယ်လုပ်ငန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြခြင်းအပေါ် အတည်ပြုမိန့်ထုတ်ပေးရန် ဆွေးနွေးခဲ့ကြပြီး ကော်မတီအဖွဲ့ဝင်များ၏ အစည်း အဝေးဆုံးဖြတ်ချက်ဖြင့် အတည်ပြုမိန့်ထုတ်ပေးခဲ့ကြသည်။

ထို့နောက် အထွေထွေဆွေးနွေးခြင်းအနေဖြင့် မြဝတီမြို့နယ်ရှိ သစ်တောကြိုးဝိုင်းမြေ မြေငှါးရမ်း ခြင်းစာချုပ် မှတ်ပုံတင်ခြင်းကိစ္စ၊ သဘာဝမြေဩဇာစက်ရုံတည်ဆောက်နိုင်ရေး ကွင်းဆင်း Survey ဆောင်ရွက်ခဲ့မှုကိစ္စတို့အား ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)