MNP ၊ ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာရှိ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးအား ဆိုင်ပိတ်ရန် လှုံ့ဆော်မှုကြောင့် ပုဒ်မ-၅၀၅(က)ဖြင့် ဇန်နဝါရီ ၂၇ရက်တွင် ဖမ်းဆီးအရေးယူထားကြောင်း သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှ သိရသည်။
ဖမ်းဆီးခံရသူမှာ T.N.O mobile ဖုန်းအရောင်းဆိုင်ပိုင်ရှင် ကိုတင်နိုင်ဦး ဆိုသူဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက် နေ့လည်ပိုင်းတွင် ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းအား ယနေ့ ဇန်နဝါရီ ၂၈ရက်တွင် မြဝတီမြို့နယ်တရားရုံး၌ ရမန်ယူထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ရက်တွင် ဆိုင်များပိတ်ထားရန် လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ-၁၂၄ ကနှင့် ပုဒ်မ ၅၀၅ က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်သည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့်ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း နိုင်ငံတော်အစိုးရက သတင်းထုတ်ပြန်ထားသည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment