(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၅)နှစ်အောက် ဘောလုံး ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၅)နှစ်အောက် ဘောလုံး ပြိုင်ပွဲကျင်းပ




MNP - ဇန်နဝါရီ    ၂၈

ကရင်ပြည်နယ်၊ မြဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား အသက်(၂၅)နှစ်အောက် ရပ်ကွက်နှင့်ကျေးရွာ ပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့များက ဘင်ခရာများတီးမှုတ်ပြီး ပြိုင်ပွဲဝင်အားကစားများနှင့်အတူ ကွင်းထဲသို့နေရာယူပြီး နိုင်ငံတော်အလံကို အလေးပြုကြသည်။

ဆက်လက်၍ ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲအား သင်္ကန်းညီနောင် အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းနေလွင်၊ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစတင့်အောင်မြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး အောင်မြင့်ဌေးနှင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးသက်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

ထိုသို့အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အားကစားသများက အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်အား အလေးပြုခဲ့ကြပြီး အကများဖြင့် ဆက်လက်ဖျော်ဖြေကြသည်။

ပြိုင်ပွဲများကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အဆိုပါပြိုင်ပွဲအတွက် အသင်း(၈)သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ဆုရရှိသည့် အသင်းအား (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)