အုတ်တွင်းမြို့နယ် ဂွေးတောက်ခင်ကျေးရွာအုပ်စု၊ အနောက်ဇီးကုန်းကျေးရွာ၌ မြစိမ်းရောင် ရန်ပုံငွေများ သတ္တမအကြိမ်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ် ဂွေးတောက်ခင်ကျေးရွာအုပ်စု၊ အနောက်ဇီးကုန်းကျေးရွာ၌ မြစိမ်းရောင် ရန်ပုံငွေများ သတ္တမအကြိမ်ထုတ်ချေးပေး

MNP - ဇန်နဝါရီ    ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဂွေးတောက်ခင် ကျေးရွာအုပ်စု၊ အနောက်ဇီး ကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက ရှင်းလင်းပြောကြားခဲ့ပြီး၊ မြစိမ်းရောင် စီမံကိန်းဆောင် ရွက်လျက်ရှိသော၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၄၇)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၆၄)ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၂)ဦး၊ စုစုပေါင်းအသင်းသား(၁၁၃)ဦးအား ချေးငွေ ကျပ် ၄၂ ဒဿမ ၃ သန်းကို တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီအ သီးသီး ပေးအပ်ခဲ့ကြောင်းမြို့နယ် ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သတင်း - ခင်ခင်မာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)