အထူးဈေးနှုန်းဖြင့် ဒီဇယ်ဆီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက တိုင်ကြားနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထူးဈေးနှုန်းဖြင့် ဒီဇယ်ဆီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက တိုင်ကြားနိုင်


MNP ၊ ဇန်နဝါရီ  ၂၈

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင် သွင်းဖြန့်ဖြူး ရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ (၃၄)သန်းဖြင့် စက်သုံးဆီမှာယူတင်သွင်းခဲ့သည့်ကုမ္ပဏီ (၂၆)ခုမှ ဒီဇယ်ဆီဂါလန် (၁၂ ဒသမ ၅၄) သန်းခန့်ကိုအထူး ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွား မည်ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှစတင်၍ ကုမ္ပဏီ(၁၁)ခုမှတိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင် စုစုပေါင်း (၁၁၅) ဆိုင်တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ပြည်သူများအနေဖြင့် အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည့် စက်သုံးဆီအရောင်းဆိုင် များတွင် ဒီဇယ်ဆီများ ကိုအောက်ဖော်ပြပါ မြန်မာရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ထုတ်ပြန် ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်းဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး၊ နေ့စဉ်ဒီဇယ် ဆီဈေးနှုန်း များအား မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း၏ www. mpta.org.mmတွင် နေ့စဉ်ထုတ်ပြန်ပေး လျက်ရှိနေသည်။

ပြည်သူများအနေဖြင့်ဒီဇယ်ဆီများကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီအရောင်း ဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများအတိုင်းဝယ်ယူရရှိခြင်း မရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းဖုန်း ၀၉၄၂၁၀၀၆၇၉၄တို့ကို ဆက်သွယ်တိုင်ကြား နိုင်ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)