ကျိုက်ဒုံမြို့၌ Silent Strike(အသံတိတ်သပိတ်)နှင့် ပတ်သက်သည့်အကြောင်းအရာများကို ပြည်သူများ သိရှိစေရေး အသိပေးကြေညာချက် ဗွီနိုင်းများ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ဒုံမြို့၌ Silent Strike(အသံတိတ်သပိတ်)နှင့် ပတ်သက်သည့်အကြောင်းအရာများကို ပြည်သူများ သိရှိစေရေး အသိပေးကြေညာချက် ဗွီနိုင်းများ စိုက်ထူ




MNP - ဇန်နဝါရီ    ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယမန်နေ့ညနေ ၄နာရီက မြို့အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ စည်ပင်ဦးစီးမှူး ဦးသန့်ဇော်၊ ရဲတပ်ဖွဲ့များနှင့်မီးသတ်အဖွဲ့များက Silent Strike (အသံတိတ်သပိတ်)နှင့်ပတ်သက်သည့်အကြောင်းအရာများကို ပြည်သူများအနေဖြင့် သိရှိစေရေး အသိပေးကြေညာချက် ဗွီနိုင်းများစိုက်ထူခြင်းကို ကျိုက်ဒုံမြို့မဈေး၌စိုက်ထူခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပေးကြေညာချက် ဗွီနိုင်းတွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊NUGနှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိန့်လန့်မှုများဖြစ်ပေါ် စေရန်ရည်ရွယ်ပြီး Silent Strike(အသံတိတ်သပိတ်)ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း စသည်ဖြင့် အသံပိတ်သပိတ်ပြုလုပ်ရန် လှုံဆော်မှုများ  လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရကြောင်း၊ အစိုးရ စက်ယန္တရားများ ပျက်ပြားစေရန် ရည်ရွက်၍ လှုံဆော်ခြင်း၊ဝါဒဖြန့်ခြင်း၊ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်မှ တစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် နားမလည်၍ ဖြစ်စေ၊ကြောက်ရွံ့၍ဖြစ်စေလိုက်ပါ လှုံဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ လှုံဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီ ခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၂)က၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့်တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း စသည့် အချက်များ ပါဝင် ကြောင်း သိရသည်။

ဆက်လက်၍ ယနေ့ နံနက်ပိုင်း၌ ဌာနဆိုင်ရာများမှ မြို့မဈေးနှင့်လူစည်ကားသည့် နေရာများတွင် သတင်းထုတ်ပြန်ချက်နှင့်ပတ်သပ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

သတင်း - သန်းထွန်းနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)