MNP - ဇန်နဝါရီ ၂၈
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် မော်လမြိုင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မုဒုံမြို့နယ်ဘောလုံး အသင်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက မုဒုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ ဖူဆယ်ကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ မော်လမြိုင်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ချိုချိုနိုင်နှင့် ဝန်ထမ်းများ၊ မုဒုံမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပါဝင်ယှဉ် ပြိုင်ကြမည့် မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး မြို့နယ်(၆) မြို့နယ်အသင်း(၆)အသင်းမှ အားကစားသမားများ တက်ရောက်ကြပြီး ပထမပွဲစဉ်ဖြင့် ချောင်းဆုံမြို့နယ်အသင်းနှင့် သံဖြူဇရပ်မြို့နယ်အသင်းတို့က ယှဉ်ပြိုင် ကစားကြသည်။ အဆိုပါပြိုင်ပွဲကို အုပ်စုနှစ်စုခွဲ၍ အသင်း(၆)သင်းတို့မှ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ရာ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အောင်မျိုးသူ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment