ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအနေဖြင့် ရရှိထားသည့် Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သထုံမြို့နယ်၌ စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအနေဖြင့် ရရှိထားသည့် Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သထုံမြို့နယ်၌ စတင်ထိုးနှံပေး


MNP - ဇန်နဝါရီ    ၂၈

မွန်ပြည်နယ် သထုံမြို့နယ်တွင် ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအနေဖြင့် ရရှိထားသည့် Sputnik Light ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့ နံနက်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီး လူနာစောင့်နားနေဆောင်ခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၁၈ နှစ်ပြည့်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူ ၂၀၀ ဦးတို့အား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သူနာပြုဆရာမများနှင့် တာဝန်ရှိသူတို့က ထိုးနှံပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များ၊ စေတနာ့ ဝန်ထမ်းများက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ Sputnik Light ကာကွယ်ဆေးသည် ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်မှုအရ လှူဒါန်းခြင်းနှင့် ဝယ်ယူခြင်းတို့မှ ရရှိထားခြင်းဖြစ်ကြောင်း တစ်ကြိမ်သာထိုးနှံရန် လိုအပ်ပြီး ရောဂါကာကွယ်မှုနှုန်း ကောင်းမွန်သည့် ကာကွယ်ဆေးဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုကို အချိန်တိုအတွင်း မြင့်မားစွာရရှိ စေနိုင်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)