ထားဝယ်မြို့တွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင်များဖြန့်ဝေ






MNP - ဇန်နဝါရီ     ၂၈

နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအားအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်သည့် လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့်လိုက်ပါလုပ်ဆောင်မိပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်သဖြင့် ပါဝင်မှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ စည်ပင်သာယာ အဖွဲ့ပိုင်ဈေး၊ လိုင်စင်လုပ်ငန်းဆိုင်၊ လမ်းဘေးဆိုင်နှင့် တည်းခိုခန်းများတွင် ထားဝယ်မြို့ စည်ပင်သာယာရေးအဖွဲ့များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် စည်ပင်သာယာရေးအဖွဲ့များက စည်ပင်သာယာဈေးကြီး၊ ကမ်းနားဈေး၊ လမ်းဘေးဈေး ကောက်လိုင်စင်ဆိုင်၊ အဝေးပြေးဂိတ်/အနီးယာဉ်ဂိတ်၊ လိုင်စင်ရဆိုင်၊ တည်းခိုခန်း စသည့်နေရာများတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ သပိတ်မျိုးစုံတွင် မပါဝင်နိုင်ရေး အသိပညာပေးပြောကြားခဲ့ပြီး သတင်း ထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင်အား ဖြန့်ဝေပေးကာ သိရှိလိုက်နာစေလိုသောကြောင့် ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစောင်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်လန့်၍ဖြစ်စေ လိုက်ပါ လုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့် မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရနိုင်ပါသည်။

ထို့ပြင် ပြစ်မှုနှင့်ပတ်သက်၍ ရွေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်း ဆည်းခံရနိုင်သဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ၎င်းတို့လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒ ဖြန့်မှုများအပေါ် လိုက်ပါဆောင်ရွက် ခြင်းမပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း စသည်တို့ပါဝင်ကြောင်း သိရသည်။

သတင်း - ရွှေပင်လယ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)