မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၇၂၈၁၇ ဦးထိုးနှံပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၇၂၈၁၇ ဦးထိုးနှံပြီးစီး


MNP - ဇန်နဝါရီ    ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ပြီး Covid Shield မှ Sinopharm Phase-6 ပထမအကြိမ် ထိုးနှံခြင်းများအထိ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ၇၂၈၁၇ ဦးထိုးနှံ ပြီးစီးသွားပြီ ဖြစ်ကြောင်း  မြို့နယ်ကိုဗစ် ကော်မတီထံမှ သိရသည်။

ထိုကဲ့သို့ ထိုးနှံပေးလျက်ရှိရာတွင် သံဃာတော်များ၊ သီလရှင်များ၊ အကျင်းသား၊ အကျင်းသူများ၊ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ထိုးနှံပေး ခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးများထိုးနှံ ဆောင်ရွက်လျက်ရှိရာတွင် Covid Shield ကာကွယ်ဆေးမှ ထိုးနှံလာခဲ့ရာ Sinopharm Phase-6 ပထမအကြိမ် ထိုးနှံခြင်းများကို ဇန်နဝါရီ ၁၄ ရက်နေ့မှစတင်ကာ ထိုးနှံပေးခဲ့ပြီး ယနေ့အထိ ထိုးနှံပြီးသူပေါင်း ၇၂၈၁၇ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၆၅.၄၅ ရာခိုင်နှုန်းခန့် ထိုးနှံဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို မင်းဘူး(စကု)မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်နှင် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ပေါင်စပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်း - ဇေယျာထက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)