MNP - ဇန်နဝါရီ ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ် ကျေးရွာတွင် ကုလသမ္မဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စု များအား ဆန်နှင့် အသက်(၅)နှစ်နှင့်အောက် ကလေးသူငယ်များအား အာဟာရ ထောက်ပံ့ခြင်းကို ယနေ့နံနက် (၀၈:၀၀)နာရီအချိန်က စတင်၍ ဆောင်ရွက်ခဲ့ရာ WFP မှ စီမံချက် မန်နေနေဂျာ ဦးစိုးဝဏ္ဏ၊ ဆန်ဖြန့်ဖြူရေး အဖွဲ့ခေါင်းဆောင် ဒေါ်အေးမာသိန်းတို့ ဦးဆောင်သော အင်အား(၃၈)ဦးတို့မှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုနောက် ဆန်ဖြန့်ဖြူးရေး အခြေစိုက်နေရာများဖြစ်သော အလယ်ကျေးရှိ အောင်ဇေယျာမင်း ကျောင်းတွင် အခြေပြုကာ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော မိသားစုများအား အိမ်ထောင်တစ်စုလျှင် အသားတင်အလေးချိန် (၅၀)ကီလိုဂရမ်ရှိ (၂.၄၅)ပြည့်ပါ ဆန်တစ်အိတ်၊ စုစုပေါင်း အိမ်ထောင်စု (၃၆၅၆)စု၊ အသက်(၅)အောက် ကလေးအာဟာရမှုန့်များအား ကလေးတစ်ဦးလျှင် (၁၅)ထုတ်နှုန်း ကလေးစုစုပေါင်း (၉၂၅)ယောက်ကို အာဟာရမှုန့်နှင့် ဆန်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းကို တာဝန်ရှိသူထံမှ သိရသည်။
သတင်း - ဝေဝေ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment