MNP - ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နတ်တလင်းမြို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ယနေ့နံနက်၁၁နာရီ အချိန်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နတ်တလင်းမြို့နယ် သာဇီရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်ရန် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့၊ မြို့မရပ်ကွက် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ရွှေလင်းခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ကျော်ဦးမှ မြို့ရေပေးဝေရေးကိစ္စနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး နောက်တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများ နှင့်မြို့မိမြို့ဖများမှ လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ကာ ဝန်ကြီးချုပ်မှ ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
သတင်း - ဝေယံဖြိုး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment