နမ့်စန်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်စန်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်


MNP - ဇန်နဝါရီ    ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးက နမ့်စန်မြို့နယ်ရှိ အသက်၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်မှုအခြေအနေကို ရှင်းလင်းပြောကြားပြီး အဆိုပါ ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဘိုးဘွားများလက်ဝယ်အရောက် စနစ်တကျပေးအပ်ရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား ပြန်လည် တင်ပြရန် တို့ကို မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဧကရီသန့် နှင့် တာဝန်ရှိ သူများက နမ့်စန်မြို့နှင့်ခိုလမ်မြို့အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၂၁) ဦးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ ၃လပတ် (အောက်တိုဘာ ၊ နိုဝင်ဘာ၊ဒီဇင်ဘာ)အတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၆၃၀၀၀၀ ကျပ်ကို ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပစု ၁၉ ခုမှ ရပ်/ကျေး စာရေးဝန်ထမ်းများက လက်ခံ ရယူခဲ့ကြကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)