ရမ်းဗြဲမြို့နယ်၌ အစိုးရ၏သတင်းထုတ်ပြန်ချက်များကို ပြည်သူများသိရှိနိုင်စေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ အစိုးရ၏သတင်းထုတ်ပြန်ချက်များကို ပြည်သူများသိရှိနိုင်စေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ


MNP - ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အကြမ်းဖက်အဖွဲ့အအစည်းများ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်း‌ရေးကို

ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ရမ်းဗြဲမြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရအ‌ရေးယူခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန်နှင့် အစိုးရ၏ သတင်းထုတ်ပြန်ချက်များကိုပြည်သူများ  ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက်  အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ 

အဆိုပါပူးပေါင်းအဖွဲ့သည် အစိုးရ၏သတင်းထုတ်ပြန်ချက်အသိပညာပေးလက်ကမ်းစာစောင်များကို ရမ္မာဝတီမြို့မဈေး၊ ရမ္မာဝတီအဝေးပြေးကားဝင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိလူစည်ကားရာ လမ်းဆုံ လမ်းခွနေရာများသို့ သွားရောက်ပြီး ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)