MNP ၊ ဇန်နဝါရီ ၂၉
ကျိုက်ထိုမြို့နယ်တွင် မြို့လုံးဆိုင်ရာအသံမစဲ မဟာပဋ္ဌာန်း မြတ်ရွတ်ဖတ် ပူဇော်ပွဲ ဖွင့်လှစ်ပွဲကို ဇန်နဝါရီ၂၉ ရက် နံနက် ၉ နာရီတွင် မြို့နယ်သာသနာ့ဗိမ္မာန်၌ ကျင်းပခဲ့သည်။
ရှေးဦးစွပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို တက်ရောက်လာကြသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များမှ နမောတဿ (၃)ကြိမ်ရွတ်ဖတ်ပူဇော်ဖွင့်လှစ်ပြီး၊ ရောင်ခြည်တော်ဖွဲ့ ဘုရားပင့်ဂါထာတော်အား ဂူကျောင်းဆရာတော် ဘဒ္ဒန္တမဏ္ဍလ မှရွတ်ဆိုပူဇော်၍ နိုင်ငံတော်ဩဝါဒ စရိယ ဘဒ္ဒန္တပဏ္ဍိစ္စ အောင်သပြေကျောင်းတိုက်ဆရာတော် ကြီးထံမှငါးပါးသီလခံယူကာ သံဃာတော်အရှင်သူမြတ်များထံက ပရိတ်တရားတော်နာကြား၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဂ္ဂမဟာသဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာစာရ မဟာမရမ်းချိုကျောင်းတိုက်ဆရာတော်မှ ဩဝါဒကထာချီးမြှင့်ခဲ့သည်။
ဆက်လက်၍ပဋ္ဌာန်းတရားတော်နာယူရန် နတ်ဗြဟ္မာများကိုစိန်ဘုံသာ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇောတိကမှဖိတ် ကြားပြီး သံဃာတော်များနှင့်အတူ ကြွရောက်လာသည့် အလှူရှင်များကပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို(၃)ကြိမ်သံပြိုင် ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် ပဋ္ဌာန်းပွဲတော် နှစ်စဉ်ကျင်းပနိုင်ရေးအတွက်ငွေပဒေသာပင်တည် ဆောက်ရေးအတွက် အလှုရှင် ဦးလှစိုး +ဒေါ်ခင်မြင့် (စိုးရတနာရွှေဆိုင်)မိသားစုမှ ငွေကျပ် (၅၀၀၀၀၀)၊ ဦးအောင်လွင်+ဒေါ်ခင်စန္ဒာစိုး မိသားစုမှငွေကျပ်(၅၀၀၀၀၀)၊
ဦးမျိုးမြင့် +ဒေါ်ခင်သူဇာစိုးမိသားစုမှ ငွေကျပ် (၅၀၀၀၀၀)ကို မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကော်မတီအဖွဲ့သို့ လှူဒါန်း၍ ကော်မတီဝင်များနှင့်အတူ နေ့ဆွမ်းကို ဆက်ကပ်လှူဒါန်းရာ အလှည့်ကျသံဃာတော်များကမဟာပဋ္ဌာန်းကိုဇန်နဝါရီ (၂၉ )ရက်နေ့မှဖေဖေါ်ဝါရီ(၄ )ရက်နေ့ထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment