ခိုလမ်မြို့တွင် အသက်-၁၈ နှစ်အထက်ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( COVISHIEID ) ကို ပထမအကြိမ် စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုလမ်မြို့တွင် အသက်-၁၈ နှစ်အထက်ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( COVISHIEID ) ကို ပထမအကြိမ် စတင်ထိုးနှံပေး


MNP - ဇန်နဝါရီ    ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့ပေါ်ရပ်ကွက်(၆)ခုနှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈-နှစ်အထက်ပြည်သူတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီမှစတင်၍ ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါအသက် ၁၈-နှစ်အထက်ပြည်သူတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  (COVISHIEID)ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းတို့ပြုလုပ်ကာ ထိုးနှံပေးခဲ့ပြီး မိနစ်(၃၀)ခန့်အနားယူစေခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးအောင်ကျော်မြင့်နှင့်ဝန်ထမ်းများ၊ ခုတင်(၁၀၀)ပြည် သူ့ဆေးရုံ ဆေးရုံအုပ်ကြီးဒေါက်တာလင်းထင်ကျော်နှင့် သူနာပြုများ၊ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ရပ်/ကျေးစာရေးများ၊ လူမှုကူညီရေးအသင်းနှင့် မြို့မိမြို့ဖများက ပူးပေါင်းပါဝင်ခဲ့ပါသည်။ အသက်၁၈-နှစ်အထက်ပြည်သူများက ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြကြောင်း မြို့ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။

သတင်း - နောင်ဟေးငင်း 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)