မိတ္ထီလာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု ၅၃.၇၄ ရာခိုင်နှုန်းရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု ၅၃.၇၄ ရာခိုင်နှုန်းရှိ


MNP - ဇန်နဝါရီ ၁၁

မိတ္ထီလာမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးနှံရန် လျာသူဦးရေ၏ ၅၃.၇၄ ရာခိုင်နှုန်းကို အဆိုပါကာကွယ်ဆေးများ ထိုးနှံပြီးစီးပြီဖြစ်ကာ ကျန်ရှိသူနေများကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်းမြို့နယ်ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှတာဝန်ရှိသူတစ်ဦးထံက သိရသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ မိတ္ထီလာမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေး ဖို့လျာထားသူဦးရေရဲ့ ၅၃.၇၄ ရာခိုင်နှုန်းကို ကာကွယ်ဆေးများ ထိုးနှံပေးပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံဖို့ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ မိတ္ထီလာမြို့နယ် အတွင်းမှာ စုစုပေါင်း ၂၈ဝ၁၇၄ ဦးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးဖို့လျာထားတာဖြစ်ပြီး လက်ရှိ ပထမအကြိမ် ထိုးနှံပြီးစီးသူ ၁၅ဝ၅၆၃ ဦး ၊ ဒုတိယအကြိမ် (နှစ်ကြိမ်စလုံး) ထိုးနှံပြီးစီးသူ ၁၃၆၅၅၄ ဦး ရှိပါတယ်။ အသက် ၁၂ နှစ်အထက် ကျောင်းသူကျောင်းသားများနဲ့ အသက် ၁၈ နှစ်အထက်ရှိသူ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးရမယ့်သူတွေရဲ့ ၅၇.၇၄ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ပါတယ်ဟု မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် နေထိုင်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် နှင့် ဒုတိယအကြိမ်ထိုးနှံမည့်သူများအား ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ  သက်ဆိုင်ရာကာကွယ်ဆေးထိုးစုရပ်များတွင် အဆိုပါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း  သိရသည်။

 သတင်း - ချမ်းသာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)