သနပ်ပင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ




MNP - ဖေဖော်ဝါရီ     ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန့်ညနေ ၄ နာရီ ၃၀ အချိန်က  ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆုချီးမြှင့်ခြင်းအခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ  ယခုပြိုင်ပွဲကျင်းပရခြင်းမှာ (၇၅) နှစ် မြောက်စိန်ရတုပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့အားကစားအဆင့် အတန်းမြင့်မားရေး၊ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများမှာအဆင့်မှီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဏကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း ယခုလိုဘောလုံးပြိုင်ပွဲများ  ကျင်းပပေးခြင်းသည် အားကစားဖွံဖြိုးတိုးတက်လာစေရန် ပြည်သူများအားကစားကို စိတ်ဝင်စားလာ၍ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံဖြိုးတိုးတက်ပြီး ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ဖြစ်ကြောင်း၊ ဘောလုံးစည်းမျဉ်းစည်းကမ်းများနှင့်အညီ အားကစားစိတ်ဓါတ်ဖြင့် ယှဉ်ပြိုင်ကြရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍   ဗိုလ်လုပွဲသို့တက်ရောက်လာသော ထောင်မင်းအသင်းနှင့် Family FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Family FC အသင်းက ထောင်မင်းအသင်းကို (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပထမဆု ရရှိသော Family FC အသင်းအား ငွေသားဆု (၈)သိန်းကျပ်နှင့် ဘောလုံး(၃)လုံးကိုလည်းကောင်း၊  ဒုတိယဆုရရှိသော ထောင်မင်းအသင်းအား ငွေသားဆု (၂)သိန်းကျပ်နှင့် ဘောလုံး(၁)လုံးလည်းကောင်း၊ တတိယဆုရရှိသော ရွာသစ်(၄)အသင်းအား ငွေသားဆု (၁)သိန်းကျပ်နှင့်‌ ဘောလုံး(၁)လုံးကို လည်းကောင်း၊ ပွဲစဉ်တစ်‌‌လျှောက် အကောင်းဆုံးအားကစားသမားဆုများ အား  ပဲခူးတိုင်းဒေသကြီး အားကစားဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးအသီးပေးအပ်ချီးမြှင့်ခဲ့‌ ကြောင်း သိရသည်။

သတင်း - လှမိုး

မြန်မာနေရှင်နယ်ပိုစ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)