MNP - ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ယမန်နေ့နံနက် ၁၀ နာရီက တံတားမြို့ သုံးလောက ထွဋ်ခေါင်မာရ်အောင် ရတနာဘုရားကြီးဝန်း အတွင်းတွင် (Covishied Vaccine) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက် ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို တံတားမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော ပြည်သူများအား ထိုးနှံပေးခြင်းဖြစ်ရာ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသူများအား အမည်စာရင်းကောက်ယူခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်နှင့်အညီ ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း ရောဂါအခံရှိ/မရှိ မေးမြန်းခြင်းတို့ ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ လူဦးရေ (၂၆၄)ဦး လာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။
သတင်း - မိုးဖြူလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment