MNP - ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အုတ်လှေကားကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတအဖွဲ့မိသားစုမှ ဖေဖော်ဝါရီ ၁၄ရက် နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်သုံးရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံမှ သိရသည်။
ညောင်ဦးမြို့နယ် အုတ်လှေကားကျေးရွာတွင် အိမ်ခြေ ၇၀ ကျော် ရှိပြီး လူဦးရေ ၁၅၀ ဦး နေထိုင်ကြောင်း၊ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ အေးမေတ္တာသောက်သုံး ရေအလှူတော် အသင်းနှင့် ချိတ်ဆက်ကာ ရေလိုအပ်နေသည့် ကျေးရွာ/တဲတိုက်များကို ဆောင်းဦးပေါက်မှ စတင်ပြီး သောက်သုံးရေလှူဒါန်းလာခဲ့ရာ ရေဂါလံ ၇၀၀၀၀ ကျော် လှူဒါန်းပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်းသိရကာ နောက်ထပ်လှူဒါန်းပေးသွားအုံးမည်ဖြစ်ကြောင်းလည်း သိရသည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment