ညောင်ဦးမြို့နယ် အုတ်လှေကားကျေးရွာသို့ ရေဂါလံ ၁၆၀၀ လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ် အုတ်လှေကားကျေးရွာသို့ ရေဂါလံ ၁၆၀၀ လှူဒါန်း


MNP - ဖေဖော်ဝါရီ  ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အုတ်လှေကားကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတအဖွဲ့မိသားစုမှ ဖေဖော်ဝါရီ  ၁၄ရက် နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်သုံးရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံမှ သိရသည်။

ညောင်ဦးမြို့နယ် အုတ်လှေကားကျေးရွာတွင် အိမ်ခြေ ၇၀ ကျော် ရှိပြီး လူဦးရေ ၁၅၀ ဦး နေထိုင်ကြောင်း၊ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ အေးမေတ္တာသောက်သုံး ရေအလှူတော် အသင်းနှင့် ချိတ်ဆက်ကာ ရေလိုအပ်နေသည့် ကျေးရွာ/တဲတိုက်များကို ဆောင်းဦးပေါက်မှ စတင်ပြီး သောက်သုံးရေလှူဒါန်းလာခဲ့ရာ ရေဂါလံ  ၇၀၀၀၀ ကျော် လှူဒါန်းပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်းသိရကာ နောက်ထပ်လှူဒါန်းပေးသွားအုံးမည်ဖြစ်ကြောင်းလည်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)