နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ စတင် ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ စတင် ထုတ်ပေး


MNP - ဖေဖော်ဝါရီ    ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာ ငွေများကို ယနေ့နံနက် (၇) နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်ကမ်းချက်များနှင့်အညီ ပင်စင် လစာငွေ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျ ရှိစေရန် သုံးပေအကွာ စည်းမျဉ်းများ ပြုလုပ်ထားပေးခြင်း၊ လက်ဆေးဘေစင်များ ပြုလုပ်ထားပေး ခြင်းများကို နတ်မောက်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ စီစဉ်ဆောင်ရွက်ထားသည်။

အဆိုပါ ပင်စင်ထုတ်ယူရာတွင် ပင်စင်စားများအား ပင်စင်လစာငွေထုတ်ယူရာ၌ အဆင်ပြေစေရေး အတွက် ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက် (၇)နာရီမှ ညနေ (၃) နာရီအထိ ထုတ်ပေး သွားမည် ဖြစ်သည်။ ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သောပင်စင်စားများအား ဖေဖော်ဝါရီ လဆန်းပိုင်းတွင်ဘဏ် လုပ်ငန်းချိန်အတွင်း၌ လာရောက်ထုတ်ယူနိုင်ပြီး နတ်မောက်မြို့နယ် မြန်မာ့ စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူ (၁၆၀၀) ဦးခန့်ရှိကြောင်း သိရသည်။

သတင်း - လှဝင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)