ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး

 



MNP - ဖေဖော်ဝါရီ    ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းသည် ကြံခင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးခြင်း ယမန်နေ့ နံနက်(၉)နာရီအချိန်က ကြံခင်းမြို့နယ် ဇီးပင်ကွင်းအုပ်စု အုပ္ပုံ စုပေါင်းစစ်ဆေးရေးဂိတ်သို့ ရောက် ရှိလာကြောင်းသိရသည်။

အဆိုပါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းကို့ ကြံခင်းမြို့နယ် စီမီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ အဖွဲ့ဝင်(၁) ဗိုလ်မှုးသန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာဝန်ထမ်းများမှ ကြိုဆိုကြပြီး အဆိုပါဂိတ်ရှိ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှု့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအကြားရှိ နယ်စပ်ဆိုင်းဘုတ်အား ကြည့်ရှု့စစ်ဆေးခြင်း၊ သောကြာဒူး အကောက်တောင် ကားလမ်းရှိ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော မြေသားလမ်းခင်းခြင်း၊ Box Calvert ဆောက်လုပ်နေမှု အခြေအနေအားလည်းကောင်း၊ ဆိပ်သာ-အကောက်တောင်လမ်း မိုင်တိုင်(၉/၂)မှ (၉/၆)အကြား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ပိုပိုအေးက ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြာင်း သိရသည်။

ထိုနောက် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းသည် မက်သနောစက်ရုံဝန်းအတွင်း ပင်မစက်ရုံဧရိယာ ဝန်ထမ်းအိမ်ယာများအား လှည့်လည်ကြည့်ရှု့ခဲ့ပြီး ကြံခင်းမြို့သို့ ဆက်လက်ထွက်ခွာလာရာ မြို့နယ်သာသနာ့ဗိမာန်တွင် Covid-19 Positive Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini)ဘတ်ဂျတ်ဖြင့် ပြင်ထိန်းလုပ်ငန်းဖြင့် ဧရာဦးခန်းမ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွတ်မှာကြားခဲ့ကြောင်း သိရသည်။ ထိုနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းသည် ညနေ (၁၆:၂၀)အချိန်တွင် မြန်အောင်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

သတင်း - မိုးမိုး

မြန်မာနေရှင်နယ်ပိြ့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)