MNP ၊ ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တိမ်ညိုကျေးရွာ တွင် ဖွင့်လှစ်ထားသောယာယီ တိုက်ပွဲရှောင်စခန်းတွင် လာရောက်ခိုလှုံနေကြသောပြည်သူများသို့သွားရောက်ပြီးယနေ့ နံနက် ၉နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များမှ တိုက်ပွဲရှောင်စခန်းများ သို့သွား ရောက်ကာမိုင်းအန္တရာယ် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါ မိုင်းအန္တရာယ် အသိပညာပေးဟောပြောခြင်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ တပ်ခွဲမှူး ဒေါ်သူဇာဌေး ဦးဆောင်သောတပ်ဖွဲ့ဝင်များက တိန်ညိုရွာသစ် ဘုန်းတော်ကြီးကျောင်းများရှိ ယာယီခိုလှုံရာ တိုက်ပွဲရှောင်စခန်း အတွင်း ရှိ နေထိုင်ကြသောပြည်သူများအနေဖြင့် အနီးအနားပတ်ဝန်းကျင်များတွင် မြေမြှပ်မိုင်း အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မိုင်းအန္တရာယ်နှင့် ပတ်သက်သောသိသင့်သိထိုက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မိုင်းအန္တရာယ် အသိပေး အမှတ်အသားများ၊ ပေါက်ကွဲစေတတ်သော မိုင်းများအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက် များအားအဆိုပါ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မိုင်းအန္တရာယ် အသိပညာပေးခြင်းများ ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment