ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်၍ ဝန်ထမ်းများနှင့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်၍ ဝန်ထမ်းများနှင့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိ


MNP - ဖေဖော်ဝါရီ     ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသူများနှင့် ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီး (၆)လ ပြည့်၍ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)  ထိုးနှံ ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ဆင်ဖြူတော်ဘုရားကြီး ဓမ္မာရုံနှင့် စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောင်ဆီဂျင် ပမာဏတိုင်းတာခြင်း စသည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများ ထိုးနှံပေးကာ ဆေးထိုးပြီးသူများကို မိနစ်(၃၀)ခန့် စောင့်ကြည့်ပြီးမှ ထွက်ခွာခွင့်ပြု ခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးပုလင်းရေ အလုံးရေ(၁၁၈၂၅)လုံး ရရှိ၍ အောက်တိုဘာ(၁၁)ရက် နေ့မှ ဖေဖော်ဝါရီ (၁၉)ရက်နေ့ထိ(၈၁၉၁၂)ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

 သတင်း - ဇော်ထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)