ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု တစ်မြို့နယ်လုံး အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေး ဆေးထိုးစုရပ်(၄)နေရာခွဲ၍ နေ့စဉ် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု တစ်မြို့နယ်လုံး အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေး ဆေးထိုးစုရပ်(၄)နေရာခွဲ၍ နေ့စဉ် ထိုးနှံပေးလျက်ရှိ



MNP - ဖေဖော်ဝါရီ     ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ် ကင်းဝေးစေရန်နှင့် ဒေသခံပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးမှု တစ်မြို့နယ်လုံး အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက်  ဆေးထိုးစုရပ် (၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဒေသခံပြည်သူများကို နေ့စဉ်ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄)နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တ မခန်းမ၊ လယ်ကိုင်းကျေးရွာရှိ နိဗ္ဗာန်(တ)ကျောင်း၊ ကုန်းဇောင်းကျေးရွာတိုက်နယ်ဆေးရုံ၊ မဲဇလီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရသည်။  ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက် ပေးကြကြောင်းသိရကာ ယနေ့ ဆေးထိုးစုရပ်(၄)နေရာတွင် ပထမအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၁၁ ဦး၊ ဒုတိယအကြိမ်ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ  ၅၇ ဦး ရှိကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ကာကွယ်ဆေးထိုးနှံရန်အကျုံးဝင်သူ လျာထားဦးရေ စုစုပေါင်း ၁၃၅၄၄၂ ဦးရှိသည့် အနက် ဖေဖော်ဝါရီ ၂၂ ရက်နေ့အထိ ထမအကြိမ် ထိုးနှံပြီးသူဦးရေ ၇၅၂၁၅ ဦးရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူဦးရေ ၆၆၁၅၄ ဦး ရှိပြီဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ၅၅ ဒသမ ၅၃ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။

မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း သတ်မှတ်ဆေးထိုးစုရပ်များတွင် မဖြစ်မနေ ကာကွယ်ဆေး သွားရောက်ထိုးနှံကြရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   

 သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)