မြောင်းမြမြို့၊ ဒေသသုတေသနဗဟိုဌာနတွင် ပြောင်းသီးနှံ ဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ်နှိမ်နှင်းနည်းနှီးနှောဖလှယ်ခြင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့၊ ဒေသသုတေသနဗဟိုဌာနတွင် ပြောင်းသီးနှံ ဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ်နှိမ်နှင်းနည်းနှီးနှောဖလှယ်ခြင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ





MNP - ဖေဖော်ဝါရီ    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် အာရှဒေသစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (AFACI)၊ အပြည်ပြည်ဆိုင်ရာပြောင်းနှင့် ဂျုံဖွံ့ဖြိုး တိုးတက်မှုစင်တာ (CIMMYI) တို့၏အထောက်အပံ့ဖြင့် ပြောင်းသီးနှံဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ် နှိမ်နှင်းနည်းနှီးနှောဖလှယ်ခြင်းနှင့် ဆွေးနွေးပွဲ အခမ်း အနားကို ယနေ့နံနက်(၉)နာရီ အချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန(DAR)၊ ဒေသ သုတေသန ဗဟို ဌာန(မြောင်းမြ)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်သိန်းညွန့်မှ ဖွင့်လှစ်ပေးပြီး ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)မှ သုတေ သနအရာရှိ တာဝန်ခံ ဒေါ်ဖြူပြာလွင်မှ အခမ်းအနားပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)မှ ဝန်ထမ်းများ၊ မြောင်းမြ၊ ဝါးခယ်မနှင့်လပွတ္တာမြို့နယ်ရှိ ကျေးလက်နေတောင်သူလယ်သမားများ တက်ရောက်ကြပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်သိန်းညွန့်မှ ပြောင်းသီးနှံများတွင်ကျရောက်တတ်သော ဘက်စုံပိုးမွှား ကာကွယ်နှိမ်နှင်းနည်းနှင့် ပတ်သက်သည့် နည်းပညာများကို သင်တန်းပို့ချဆွေးနွေးပြီး တက်ရောက်ကြသူများမှလည်း မိမိတို့သိရှိလိုသည်များကို ပြန်လည် မေးမြန်းကြကာ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)