မအီမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးလျက်ရှိ








MNP ၊  ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့ သွား‌ရောက် ငှားရမ်းပေးခဲ့သည်။


ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်

-၃ ဒေါ်လွင်လွင်ပြုံးက စာဖတ်ပရိတ်သတ်များအတွက် စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကိုယူဆောင်ပြီး   အခြေခံပညာစာသင် ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ ကို သွားရောက် ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



သတင်း - သိန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)