မင်းဘူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်‌ထောင်စုနေ့အထိမ်းအမှတ် အသက်(၂၅)အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်‌ထောင်စုနေ့အထိမ်းအမှတ် အသက်(၂၅)အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ


MNP - ဖေဖော်ဝါရီ    ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ် (၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မင်းဘူးခရိုင် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးသည်။

ပြိုင်ပွဲကျင်းပရာတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မင်းဘူးခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ် (၅)မြို့နယ် အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ အမျိုးသမီး ဗိုလ်လုပွဲစဉ်အဖြစ် မင်းဘူး မြို့နယ်အသင်းနှင့် ပွင့်ဖြူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွင့်ဖြူမြို့နယ် ကိုယ်စားပြု အမျိုးသမီး လက်ရွေးစင် အသင်းက အနိုင်ရရှိခဲ့ပြီး၊ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ပွင့်ဖြူမြို့နယ်အသင်းနှင့် စေတုတ္တရာမြို့နယ် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ စေတုတ္တရာမြို့နယ် ကိုယ်စားပြု အမျိုးသားလက်ရွေးစင်အသင်းက အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲအလိုက် အမျိုးသားနှင့် အမျိုးသမီးတစ်ဦးချင်း အကောင်းဆုံး ကစားသမားဆုများ၊ ပထမဆုနှင့် ဒုတိယဆုရရှိသော အသင်းသား/အသင်းသူများကို တာဝန်ရှိသူများ တစ်ဦးချင်းဆုတံဆိပ်များ၊ ဆုဖလားနှင့် ငွေသားဆုများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာ မြို့နယ်များမှ မြို့နယ်ကိုယ်စားပြု အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲဝင်အသင်းများက ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး၊ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့ဖြစ်ကြောင်း မင်းဘူးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

သတင်း - မောင်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)