မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာ၌ မီးဘေးသင့်နေအိမ်များအား ထောင်ပံ့ပစ္စည်း ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာ၌ မီးဘေးသင့်နေအိမ်များအား ထောင်ပံ့ပစ္စည်း ပေးအပ်


MNP - ဖေဖော်ဝါရီ    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာ၌ ဖေဖော်ဝါရီလ ၁၃ရက် နေ့လည်(၁:၃၅) နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာတွင် မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၆)စုအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့်အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးအုန်းသိန်း၊ ဦးအောင်တင်ထွန်း၊ အတွင်းရေးမှူးမြို့နယ်ရဲမှူး ရဲမှူးမြင့်စိုး၊ မြို့နယ်လဝကဦးစီးမှူး ဦးထွန်းငြိမ်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အခြားဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့တို့ ပါဝင်သောအဖွဲ့သည် ငါးမြင်းချောင်းကျေးရွာရှိ သုခိတာရုံဘုန်းကြီးကျောင်း ယာယီကယ်တင်ရေးစခန်းရှိ မီးဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ကူညီရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် အခြားဌာနဆိုင်ရာများစုပေါင်း၍ မီးဘေးသင့်ပြည်သူများအား  အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အထည်များ၊ ဆန်ရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ (စုစုပေါင်း တန်ဖိုးငွေ ၁၇၂၀၆၀၀ကျပ်)ကို ထောက်ပံ့ကူညီပေးခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မြို့နယ် လ.ဝ.ကဦးစီးဌာနမှ အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆)တို့အား နေ့ချင်းပြီးဆောင်ရွက်ပေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတို့အား ပြန်လည်ထုတ်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ခြင်းများကို အသီးသီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)