ပေါက်တောမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများအားထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများအားထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး

 


MNP - ဖေဖော်ဝါရီ   ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံထားပြီးသော နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်သာသနာ့ဗိမာန်၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေး ကြသည်။ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ကာကွယ်ဆေး Booster Dose ကို ကျန်းမာရေး ဝန်ကြီးဌာန၏  သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း စသည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်စောင့်ကြည့်ကာ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည်။

ပေါက်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Doseကို ယနေ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်း(၆၀)ဦး လာရောက်ထိုးနှံခဲ့ကြပြီး၊ ယနေ့အထိကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booser Dose ထိုးနှံသူ နိုင်ငံ့ဝန်ထမ်းစုစုပေါင်း (၇၁၇)ဦးထိုးနှံခဲ့ပြီး၊ ကျန်ရှိ နိုင်ငံ့ဝန်ထမ်း များကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)