ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသော အသက် (၁၈)နှစ်အထက် ပြည်သူတို့အား ဆက်လက် ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသော အသက် (၁၈)နှစ်အထက် ပြည်သူတို့အား ဆက်လက် ထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသော မြို့ပေါ်ရပ်ကွက် (၆) ခုနှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၈)နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက် (၉)နာရီ မှစတင်၍ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသော အသက် (၁၈)နှစ်အထက် ပြည်သူတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( COVISHIEID )ကို  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ၏ လမ်းညွှန်ချက်များ နှင့်အညီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းတို့ ပြုလုပ်ကာ ထိုးနှံပေးခဲ့ပြီး မိနစ်(၃၀)ခန့် အနားယူ စေခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် ဝန်ထမ်းများ၊ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထင်ကျော်နှင့် သူနာပြုများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ ကျေးစာရေး များနှင့် မြို့မိ မြို့ဖများက ပူးပေါင်းပါဝင်ခဲ့ပါသည်။ ကာကွယ်ဆေး မထိုးနှံရသေးသော အသက် (၁၈)နှစ်အထက် ပြည်သူများက ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း မြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။

သတင်း - နောင်ဟေးငင်း

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)