ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အဌမအကြိမ် ရန်အောင်မြင်ပရိယတ္တိ သာသနာ လင်္ကာရ စာမေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အဌမအကြိမ် ရန်အောင်မြင်ပရိယတ္တိ သာသနာ လင်္ကာရ စာမေးပွဲကျင်းပ




MNP - ဖေဖော်ဝါရီ    ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ရန်အောင်မြင် ပရိယတ္တိစာသင်တိုက်မှ ကြီးမှူး ကျင်းပသည့် အဌမအကြိမ် ရန်အောင်မြင် ပရိယတ္တိသာသနာလင်္ကာရ စာမေးပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်အတွင်းရှိ သတ်မှတ်စာဖြေဌာနများတွင် ကျင်းပရာ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ သာမဏေကျော်လင်္ကာရ စာသင်တိုက်များမှ သာမဏေနှင့် သီလရှင်များ ဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်း သိရသည်။

ထိုသို့ ရန်အောင်မြင် ပရိယတ္တိသာသနာလင်္ကာရစာမေးပွဲ ဖြေဆိုလျက်ရှိသည့်အခြေ အနေများကို  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက လှည့်လည် သွားရောက် အားပေးဖူးမျှော်ကြည်ညိုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနိုင်းဆောင်ရွက် ပေးသည်။

အဆိုပါ အဌမအကြိမ် ရန်အောင်မြင်ပရိယတ္တိသာသနာလင်္ကာရစာမေးပွဲကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှ စတင်ကာ(၁၆)ရက်နေ့အထိ နေ့စဉ် နံနက်ပိုင်းတွင် ပထမအဆင့်နှင့် မွန်းလွဲပိုင်းတွင် ဒုတိယအဆင့်နှင့် တတိယအဆင့်စာမေးပွဲ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ စာမေးပွဲဝင်ရောက် ဖြေဆိုသည့် သာမဏေနှင့်သီလရှင် စုစုပေါင်း(၅၂၅)ပါးရှိကြောင်း သတင်း ရရှိသည်။

သတင်း - ဇော်ဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)