မိုင်းပျဉ်းမြို့၌ မြစိမ်းရောင်ကျေးရွာ အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းပျဉ်းမြို့၌ မြစိမ်းရောင်ကျေးရွာ အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေး


MNP - ဖေဖော်ဝါရီ     ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၄၉၉)အား ဖေဖော်ဝါရီလ ၁၁ရက်နေ့နံနက်၁၀နာရီခွဲတွင် အဆိုပါရုံး၌ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် မိုင်းပျဉ်းမြို့ အေးဆန်-အေးချမ်းကျေးရွာ၌ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှ စတင် အကောင် အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၄၉၉)အား အဆိုပါ ကျေးရွာများရှိ မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များထံ ထုတ်ချေးပေးသည်။

အဆိုပါ ချေးငွေများကို ကျေးရွာကော်မတီဝင်များထံမှတစ်ဆင့် အေးဆန်-အေးချမ်းကျေးရွာရှိ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၅၂)ဦးအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ခင်သန္တာအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)