သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အားကစား အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အားကစား အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲကျင်းပ


MNP - ဖေဖော်ဝါရီ    ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အားကစားနည်းများနှင့် ပတ်သက်သော အကြောင်း အရာများဟောပြောခြင်း၊ လက်တွေ့သရုပ်ပြကစားခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့၊ နံနက် ၁၀နာရီအချိန်က အမှတ်(၅)အ.ထ.ကခွဲ ကျောင်းဝန်း အတွင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်း မြို့နယ် အားကစားမှူး ဒေါ်ခင်ဆွေအေးက အားကစားနည်းများ ယှဉ်ပြိုင်ရာတွင် ထားရှိရမည့် စိတ်ဓာတ်နှင့် ခံယူချက်များ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး လက်တွေ့သရုပ်ပြ ကစားနည်းများဖြစ်သော တိုက်ကွမ်ဒို ကစားနည်း၊ ဝူရှူးကစားနည်း၊ Fitness နှင့် Aerobic ကစားနည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရှိရသည်။

ဆက်လက်၍ အားကစား ပစ္စည်း(၅)မျိုးအားကျောင်းအုပ်ဆရာမကြီး ထံသို့ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စန္ဒာမိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)