ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ နန္ဒာဝန်တပ်ဦးကျောင်းတိုက်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဝါယမအရှင်သူမြတ်အား ဂုဏဝိသိဋ္ဌပူဇာ ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ နန္ဒာဝန်တပ်ဦးကျောင်းတိုက်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဝါယမအရှင်သူမြတ်အား ဂုဏဝိသိဋ္ဌပူဇာ ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ




MNP - ဖေဖော်ဝါရီ‌    ၇

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၊ နန္ဒာဝန်တပ်ဦးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဒေါက်တာ ဘဒ္ဒန္တဝါယမ အရှင်သူမြတ် India နှင့်  KOLKATA တက္ကသိုလ်မှ ဆက်ကပ်ပူဇော်အပ်သော Doctor Of Oriental Learning (Ph.D) ဘွဲ့တော်အား ဂုဏဝိသိဋ္ဌပူဇာ  ထပ်ဆင့် ဂုဏ်ပြုပွဲ အခမ်းအနားကို  သာသနာတော်နှစ် ၂၅၆၅ ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၃-ခု တပို့တွဲလဆန်း (၆) ရက်၊ ၂၀၂၂ ခုနှစ်၊ယမန်နေ့ နေ့လည် (၁) နာရီအချိန် ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဘူးသီးတောင် တပ်နယ်မှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပည့်တကာ၊ တကာမများက ဆရာတော်အရှင်သူမြတ်အား ရွှေဗိမာန်ကျောင်းတိုက်မှတဆင့်  မြို့တစ်ပတ်လှည့်လည်၍  ဦးဥတ္တမခန်းမသို့ ပင့်ဆောင်လာခဲ့ကြရာ လမ်းတစ်လျှောက်ရှိ ပြည်သူလူထုများက  ဖူးမျှော်ကြည်ညိုပြီးဝတ္တူငွေများ  ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဘူးသီးတောင်မြို့၊ နန္ဒာဝန်တပ်ဦးကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဒေါက် တာ ဘဒ္ဒန္တဝါယမ အရှင်သူမြတ်အား ပူဇာသန ပလ္လင်တော်ပေါ်သို့ ပင့်ဆောင်ကာ အခမ်းအနားကို  နမောတဿ(၃)ကြိမ်ရွက်ဖတ်ကာ ရခိုင်မင်္ဂလာ စည်တော်တီးခတ်ကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး    ဖုံညိုလိပ်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဓမ္မသာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ သည်။ ဆက်လက်၍  မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးမှ ဝမ်းမြောက်စကား လျှောက်ထားပြီး ဘွဲ့တံဆပ်တော်ရ ဒေါက်တာ ဘဒ္ဒန္တဝါယမ အရှင်သူမြတ်အား ရတုဆရာ ဦးမောင်စောညွန့်မှ ဝမ်းမြောက်ဖွယ်ရာ ဩဘာစာ ပိုဒ်စုံရတုဖြင့် ရွက်ဖတ်ပူဇော်သည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  လမ်းမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇောဘာသမှ ဥပသမ္ပဒမင်္ဂလာ ဂါထာတော်နှင့် ဂုဏဝိသိဋ္ဌပူဇာ ထုထိဝေဒလ္လဂါထာတော်တို့ဖြင့် ရွတ်ဖတ်ပူဇော်ပြီး  ဝမ်းမြောက်ဖွယ်ရာ ဩဝါဒကထာ မြွတ်ကြားကာ နန္ဒာဝန်တပ်ဦး ကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တဝါယမ အရှင်သူမြတ်ထေရုပ္ပတ္ထိ အကျဉ်းအား  ဦးမောင်စောညွန့်က ဖတ်ကြားပူဇော်ခဲ့သည်။

ဆက်လက်၍  အပူဇော်ခံဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝါယမ အရှင်သူမြတ်အား ဂုဏ်ပြုမှတ်တမ်း လွှာ နှင့် လှူဖွယ်ဝတ္တူပစ္စည်းများအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးမှ ဆက်ကပ်ပြီး  ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်(၅)သိန်းနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ လှူဒါန်းသည့် ငွေကျပ်(၅)သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မိသားစုများမှ လှူဒါန်းသော ငွေကျပ်(၃)သိန်းတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ဘူးသီးတောင် တပ်နယ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် အမှတ်(၃)နယ်ခြားစောင့်ရဲကွပ်ကဲမှု၊ အဖွဲ့ခွဲမှူး ရဲမှူးကြီး နေစိုးအေးတို့မှ လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။  ယင်းနောက် မောင်တောခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ  လှူဒါန်းငွေကျပ် (၁၁)သိန်းနှင့် ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှလှူဒါန်းသော ငွေကျပ်(၁၈)သိန်း၊ ဘူးသီးတောင်မြို့နယ် တပ်ရင်းတပ်ဖွဲ့များ မှလှူဒါန်းငွေ (၄)သိန်းတို့အား တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး  ပင့်သံဃာတော်အရှင်သူမြတ်များအား  လှူဖွယ်ပစ္စည်းများနှင့်  နဝကမ္မဝတ္တုငွေများအား  ဆက်ကပ်လှူဒါန်းကြသည်။ 

ထို့နောက် ဘူးသီးတောင်မြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ လမ်းမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇောဘာသထံမှ အနုမောဒနာတရားနှင့် ရေစက်ချတရားနာယူခဲ့ကြရာ အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဌတု (၃)ကြိမ်ရွက်ဆို၍ ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)