နီယို ( ဖေ ၄ )
ကမ္ဘာ့ အချမ်းသာဆုံး သူဌေးတစ်ဦးဖြစ်တဲ့ အမေဇုံ အရောင်းအဝယ်လုပ်ငန်း ပိုင်ရှင် ဂျက်ဇ်ဘီဇော့ က သူ့ရဲ့ ဇိမ်ခံရွက်လှေ ကို နယ်သာလန်နိုင်ငံ ရော်တာဒမ်မြို့ မှာ တည်ဆောက်နေပါတယ်။
သူ့ရွက်လှေ တည်ဆောက်ပြီးတဲ့အခါမှာ မြစ်ထဲကနေ ပင်လယ်ထဲကို ထွက်ဖို့အတွက် ရော်တာဒမ်မြို့ရဲ့ ရှေးဟောင်း သမိုင်းမှတ်တိုင် တံတားတစ်စင်းဖြစ်တဲ့ ဒီဟတ်ဖ် တံတားကို ဖြတ်ရပါမယ်။
ဒါပေမဲ့ သူ့ရဲ့ ရွက်လှေက ကြီးလွန်းတဲ့အပြင် ရွက်တိုင်တွေနဲ့ တံတား က မလွတ်လို့သဘောၤကုမ္ပဏီက ရော်တာဒမ် မြူနီစပါယ်နဲ့ ညှိပြီး တံတား ကို ဖြတ်ချဖို့ ညှိနှိုင်း နေပါတယ်။ အဲ့ဒိသတင်းက အပြင်ကို ပေါက်ကြားသွားတဲ့ အခါမှာတော့ ရှေးဟောင်းပစ္စည်းနဲ့ မြို့ အမွေအနှစ် ထိန်းသိမ်းသူများက တစ်ဖက် မြို့အာဏါပိုင်များက တစ်ဖက် အချေအတင်တွေ ဖြစ်ကုန်ပါတယ်။
အဲ့ဒိတံတားက ၁၈၇၈ ခုနှစ်တုန်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၄၀ မှာ ဂျာမန်တွေရဲ့ ဗုံးဒဏ် ကို ခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ မြို့အုပ်ချုပ်ရေး အဖွဲ့တွေ ဦးစားပေးပြီး ပြင်ခဲ့ရတဲ့ တံတားလည်း ဖြစ်ပါတယ်။ ၁၉၉၃ မှာ ယာဉ်ဖြတ်သန်းခွင့် မပြုတော့ဘဲ မြို့ အမွေအနှစ်အဖြစ် ပြုပြင်ထိန်းသိမ်းလာခဲ့တာပါ။
“ ကျနော်တို့ မြို့မှာ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ ဆိုတာ သိပ်မကျန်တော့ပါဘူး ။ ယဉ်ကျေးမှု အမွေအနှစ်တော်တော်များများ က ဒုတိယကမ္ဘာစစ်တုန်းက ကုန်သွားခဲ့ပါပြီ ၊ အဆောက်အအုံ တော်တော် များများ ဗုံး ကျဲခံလိုက်ရလို့ ပျက်စီးသွားခဲ့ပါပြီ ။
အဲ့ဒိတံတားကိုပြုပြင်ထိန်းသိမ်းထားရတာ ၊ လာမထိသင့်ဘူးဗျာ ၊ ဘာမဟုတ်တာလေးနဲ့ ဒီသမိုင်းဝင်အဆောက်အအုံကိုဖျက်မယ်ဆိုတာ မဟုတ်သးပါဘူး” လို့ ဒေသခံ အမိုင်းပညာရှင်တစ်ဦးက ဆိုပါတယ်။
“ ကျနော်တို့ က ကျွမ်းကျင်ပညာရှင်တွေနဲ့ အလေအလွင့် အပျက်အစီး လုံးဝမရှိအောင်လုပ်မှာပါ ။ လှေထွက်ဖို့ပဲ တံတားအလယ်ကို ဖျက်မှာပါ။ အဲ့ဒိကုန်ကျစရိတ်တွေကိုလည်း ဂျက်ဖ်ဘီးဇော့ က ခံမှာပါ”လို့ ရော်တာဒမ် မြူနီစပါယ်အကြီးအကဲ က ဆိုပါတယ်။
တံတားထိန်းသိမ်းရေး အဖွဲ့ ခေါင်းဆောင်ကတော့ “ ပြဿနာက ဘီးဇော့ရဲ့ ရွက်တိုင်တွေနဲ့ မလွတ်တာပါ။ အဲ့ ရွက်တိုင်တွေ ကိ နှိမ့်လိုက်ရင်ရရဲ့ သားနဲ့ ပိုက်ဆံနဲ့ ပေါက်ပြီး ရှေးဟောင်း ပစ္စည်းတစ်ခုကို ဖျက်စီးသလို ဖြစ်နေတယ်။ ရွက်လှေတော့ အထိအခိုက်မခံဘူး ၊ ပြည်သူပိုင်ပစ္စည်းဖြစ်ချင်ရာဖြစ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ် “ လို့ ဆိုပါတယ်။
REF: euronews , Photo : euronews
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment