မြို့နယ်အဆင့် သံဃာ့အဖွဲ့အစည်း (၂၅ ရာခိုင်နှုန်း) အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အဆင့် သံဃာ့အဖွဲ့အစည်း (၂၅ ရာခိုင်နှုန်း) အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပ

 


MNP - ဖေဖော်ဝါရီ    ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် (၂၅) ရာခိုင်နှုန်း အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က အင်းတော်မြို့နယ် လယ်ပြင်ကျေးရွာအုပ်စု၊ နန့်ကင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အင်းတော်မြို့နယ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် (၂၅) ရာခိုင်နှုန်း အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကြသည်။  ထို့နောက် အင်းတော်မြို့ ရေတွင်းကုန်းကျောင်းဆရာတော် ဦးဥတ္တမက ဩဝါဒကထာ မြွက်ကြွားခဲ့ပြီး အင်းတော်မြို့နယ် သံဃာ့နာယကအဖွဲ့ ရွေးချယ်ဖွဲ့စည်းထားခြင်းအား ဥသျှစ်ကုန်းကျောင်း ဆရာတော် ဦးဝိလာသက ဖတ်ကြားလျှောက်ထားခဲ့သည်။ ၎င်းနောက် အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များမှ ကျောင်းထိုင်ဆရာတော်များ၊ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ဆွမ်းအလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ကျော်သီဟ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)