မုဒုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် လူဦးရေ၏ ၆၉ ဒသမ ၁၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် လူဦးရေ၏ ၆၉ ဒသမ ၁၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီး



MNP - ဖေဖော်ဝါရီ     ၂၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် လူဦးရေ၏ ၆၉ ဒသမ ၁၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးဖြစ်ကာ Phase-5 နှင့် Phase – 6 (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆက်လက်ထိုးနှံ ပေးခဲ့သည်။

မုဒုံမြို့နယ်အတွင်း ဆေးထိုးစုရပ်(၁၃)ခုတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ၊ စေတနာ့ဝန်ထမ်း (Volunteer) များနှင့် တာဝန်ရှိသူတို့က သတ်မှတ် အစီအစဉ်များအတိုင်း စနစ်တကျ ထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေးထိုး ကြီးကြပ် အဖွဲ့ဝင် များက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

မုဒုံမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ (၁၄၃၃၀၉)ဦးရှိရာ ကာကွယ် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၉၉၀၂၈)ဦးနှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံ ပြီးသူ  (၉၅၅၄၁) ဦးရှိပြီဖြစ်ရာ လူဦးရေ၏ ၆၉ ဒသမ ၁၀ ရာခိုင်နှုန်းရှိပြီးဖြစ်ကြောင်း မုဒုံ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

သတင်း - အောင်မျိုးသူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)