ဘူးသီးတောင်မြို့နယ်၌ Quarantine ထားရှိမည့်နေရာများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်၌ Quarantine ထားရှိမည့်နေရာများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


MNP - ဖေဖော်ဝါရီ     ၂၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်မှု တိုးပွားလာပါက ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သူများအား Quarantine ထားရှိမည့် နေရာများသို့ ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းကြည့်ရှုရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ ထားရှိရန် နေရာအခက်အခဲ ရှိ/မရှိ၊ ရေချိုခန်း၊ အိမ်သာအဆင်ပြေခြင်း ရှိ/မရှိ၊ တစ်ဦးနှင့်တစ်ဦး သက်မှတ်ထားသည့် အကွာအဝေး ထားရှိနိုင်မည့် အခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျန်အေးက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကာ ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌ ဖေဖေါ်ဝါရီလ ၁၈ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာ (၁)ဦးရှိပြီး အမှတ်(၈) နယ်ခြားစောင့် တပ်ရင်းရှိ သီးသန့်အခန်း၌ ဆေးကုသမှုခံယူလျက်ရှိပြီး ထပ်မံပိုး တွေ့လူနာများရှိပါက ပိုးတွေ့လူနာများအား ကူးစက်ပျံ့နှံ့မှုနှုန်းကျဆင်းစေရန် ရောဂါထိန်းချုပ်နိုင်ရန် Quarantine Centre (၅)ခု စီစဉ်ထားရှိပြီး ယနေ့နံနက်ပိုင်းက အမှတ်(၇) ရပ်ကွက်ရှိ အာရ်ဗီကျောင်းနှင့် အမှတ်(၃)ရပ် ကွက်ရှိအာရ်ဗီ  ကျောင်းတို့အား တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း - လှကျော်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)