ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP - ဖေဖော်ဝါရီ    ၂၈

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက မြို့သန့်ရှင်းသာယာလှပစေရေး အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ မြို့အနောက်ဘက်ခြမ်း သောက်သုံးရေရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ရမည် အစီအစဉ်များ၊ မကြာမီကျင်းပပြုလုပ်တော့မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ဆောင်းသီးနှံ မတ်ပဲရိတ်သိမ်းပြီးချိန် နွေစပါးဆက်လက်စိုက်ပျိုးသွားနိုင်ရေးတို့ကို အကျယ်တဝင့် ဆွေးနွေး ပြောကြားပြီး အခမ်းအနားသို့တက်ရောက်လာကြသော ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တင်ပြချက်များအား သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ယနေ့အစည်းအဝေးတွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်နှင့် ရထားလမ်း၊ ကားလမ်းနယ်နမိတ်တို့အား သန့်ရှင်းသာယာလှပစေရေးတို့အတွက် အဓိကထား ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းသိရသည်။

သတင်း - ဇေယျာထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)