မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များအား စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များအား စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

MNP - ဖေဖော်ဝါရီ    ၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုတော်ငွေ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်ကို ဖေဖော်ဝါရီ(၁)ရက် နေ့လယ်ပိုင်းက မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ (၂၀၂၀)ပြည့်နှစ်တွင် မြိတ်ခရိုင် စာဖြေဌာနမှ အောင်မြင်ခဲ့ကြသည့် သံဃာတော်နှင့် သီလရှင်များမှာ သာသနဓဇဓမ္မစရိယ(၈)ပါး၊ ပထမကြီး တန်း(၁၀)ပါး၊ ပထမလတ်တန်း (၉)ပါး၊ ပထမငယ်တန်း(၂၆)ပါး၊ အခြေပြုမူလတန်း(၃၉)ပါး အောင်မြင်ခဲ့ကြပြီး အောင်မြင်ခဲ့သည့် စာအောင်သံဃာတော်နှင့် သီလရှင်(၆၇)ပါးအား ဆရာတော်ကြီးများ၏ ဩဝါဒဖြင့် အောင်လက်မှတ်နှင့် ဆုတော်ငွေများအား ဆက် ကပ်လှူဒါန်း ပြီးဖြစ်ကာ ကျန်ရှိသည့် (၂၅)ပါးအား စူဠဘွဲ့နှင်းသဘင်တွင် အောင်လက်မှတ်နှင့် ဆုတော် ငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ စူဠဘွဲ့နှင်းသဘင်ကို ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော် ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာသန လှည်းဘီးကျောင်း တိုက်ဆရာတော်ထံမှ ဧည့်ပရိတ်သတ် အပေါင်း တို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော် သံဃာတော်များနှင့် စာအောင်ကျောင်းတိုက်ရှိ စာသင်စာချ ဆရာတော်နှင့် သီလရှင်များအား လှူဖွယ်ပစ္စည်းများနှင့်  စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုတော်ငွေများကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တာဝန်ရှိသူများက ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဝိမလကန်သာကျောင်းတိုက်ဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူကြ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ စူဠဘွဲ့နှင်းသဘင်ကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

စူဠဘွဲ့နှင်းသဘင်အပြီးတွင် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ စာအောင်သံဃာတော်နှင့် သီလရှင်များအား ဗုဒ္ဓသာသနာ့ဗိမာန်မှ စေတီတော်ရင်ပြင်ပတ်လည်တွင် စေတနာရှင်၊ အလှူရှင်များ၊ ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။

စာအောင် သံဃာတော်များနှင့် သီလရှင်များအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုဆုတော် ငွေ(၃၅၁၀၀၀၀)ကျပ်၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက စူဠဘွဲ့နှင်းသဘင်၌ လှူဒါန်းကြသည့် လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လှူဒါန်းကြသည့် လှူဖွယ်ပစ္စည်း စုစုပေါင်းတန်ဖိုးမှာ ကျပ် (၁၆၂,၆၂၁၀ဝိ/)ရှိကြောင်း သာသနာ ရေးဦးစီးဌာနမှ သိရသည်။

သတင်း - ခိုင်ထူး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)