ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့

 


MNP - ဖေဖော်ဝါရီ     ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ အပြည်အပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ ထောက်ပံ့သည့်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြု ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် အပြည်အပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှူး ဦးမောင်ဝင်းနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အထောက်အကူပြု ပစ္စည်းများဖြစ်သော နှာခေါင်းစည်း Mask နှင့် လက်သန့်ဆေးရည်များအား အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးမောင်ဖြူဝင်းက လက်ခံရယူခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ ရောဂါပိုးကူးစက်နိုင်သည့် အခြေအနေများ စသည့်တို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့ပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက် တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ အမှတ်(၃) အခြေခံပညာ မူလတန်း လွန်ကျောင်း၊ အမှတ်(၁) အခြေခံ ပညာ အလယ်တန်း ကျောင်း(ခွဲ)၊ အမှတ်(၆) အခြေခံပညာ မူလတန်းလွန်ကျောင်းများ အတွက်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အထောက် အကူပြုပစ္စည်းများဖြစ်သော  နှာခေါင်းစည်း Mask (၄၀၀၀) ခု၊ အဝတ် နှာခေါင်း စည်း (၅၃၀၀) ခု၊ လက်သန့်ဆေးရည်(၁၂၀)ဘူး တို့အား ထောက်ပံ့ပေး အပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - သက်လွင်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)