သထုံမြို့နယ်အတွင်း တည်ဆောက်နေသည့် စာသင်ကျောင်းဆောင်သစ်များနှင့် ကျေးလက် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မှီရေး ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်အတွင်း တည်ဆောက်နေသည့် စာသင်ကျောင်းဆောင်သစ်များနှင့် ကျေးလက် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မှီရေး ကြည့်ရှုစစ်ဆေး

 


MNP - ဖေဖော်ဝါရီ     ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဆောင်ရွက်နေသည့် စာသင်ကျောင်းဆောင်သစ်များနှင့် ကျေးလက် ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မှီစွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတို့က နောင်ဘိုကျေးရွာရှိ အထက(ကဿဖ)ကျောင်း၌ အလျှား ၁၀၀  ပေ၊ အနံ ၃၀ ပေ RC နှစ်ထပ်စာသင်ဆောင် တည်ဆောက်နေမှု၊ သိမ်ကုန်းရပ်ကွက်ရှိ အထက(၄)ကျောင်း၌ အလျား ၇၀ ပေ၊ အနံ ၃၀ ပေ RC နှစ်ထပ် စာသင်ဆောင် တည်ဆောက်နေမှုနှင့် ကတိုက်ကလေးကျေးရွာ၊ ညောင်လေးပင်-ကတိုက်ကလေး မြေသားလမ်း (ဝ.၅)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းတို့ကို သတ်မှတ်စံချိန်စံညွှန်း ပြည့်မှီရေး၊ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ခိုင်ခံ့မှု၊ ရေရှည်တည်တံ့မှု၊ စနစ်တကျ ဆောင်ရွက်နေမှုစသည့် အခြေအနေတို့ကို စစ်ဆေးရာ တင်ဒါအောင်မြင်ပြီး ဆောက်လုပ်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူက ရှင်းလင်းပြောကြာပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ဖြည့်စွက်ဆောင်ရွက်ပေးရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းများတွင် စာသင်ကျောင်းဆောင်သစ်များ တည်ဆောက်ရေး လုပ်ငန်းတို့ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလ၊ ပညာရေးဦးစီးဌာနငွေလုံးငွေရင်းရန်ပုံငွေ၊ ပြည်နယ် ဘတ်ဂျက်တို့ဖြင့် နိုင်မြန်မာ ကုမ္ပဏီနှင့် ငွေဗိမာန် ကုမ္ပဏီတို့မှတာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး ကျေးလက်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်ကာလ၊ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပွင့်သစ်စိန်  ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုကိုဦး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)