ပေါင်းတည်မြို့နယ်၌ သံဃာ့နာယကအဖွဲ့များ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်မြို့နယ်၌ သံဃာ့နာယကအဖွဲ့များ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ

 


MNP - ဖေဖော်ဝါရီ    ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် သံဃာ့နာယကအဖွဲ့ရုံး အာဂမဇောတိကာရုံ စာသင်တိုက် သာသနဝိပုလကာရီဗိမ္မာန်တော်တွင် ဗုဒ္ဓဘာသာသာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်စွာ တည်တံ့ပြန့်ပွါးရေးအတွက် မြို့နယ်သံဃာ့နာယကအဖွဲ့အစည်းများ၌ အနားယူ လစ်လပ်သွားသော သံဃာ့နာယကနေရာများ၌ အစားထိုးရွေးချယ်ရန် သံဃာအဖွဲ့အစည်း အဆင့်ဆင့်အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တနေမိန္ဒ ပြည်မြို့၊ ရတနာမာန်အောင်၊ ဆရာတော်ကို အစည်းအဝေးသဘာပတိတင်မြှောက်ပြီး နမောတသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး သဘာပတိဆရာတော်က အစည်းအဝေးဖွင့် သြဝါဒကထာ မြွက်ကြားသည်။ ဆက်လက်၍ အခမ်းအနားမှူးဆရာတော်က အနားယူမည့် ဆရာတော်စာရင်းကိုကြေညာပြီး သဘာပတိဆရာတော်ဘဒ္ဒန္တ နေမိန္ဒက နိဂုံးချူပ်သြဝါဒကထာမြွက်ကြားကာ အစည်းအဝေး ပထမပိုင်း ပြီးမြောက်ခဲ့သည်။

ထို့နောက် နေ့လည်၁၂နာရီအချိန်တွင် အစည်းအဝေးကို ပြန်လည်ကျင်းပရာ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဘဒ္ဒန္တ မဟိန္ဒမြို့မရိပ်သာ ဆရာတော်က သာရဏီယကထာမြွက်ကြားပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာဝံသဆရာတော်က အဖွင့်သြဝါဒကထာမြွက်ကြား သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက သာသနာရေး ဆိုင်ရာများကို လျောက်ထားသည်။ ထို့နောက် သံဃာ့နာယကအဖွဲ့ဝင်များအား နယ်မြေခွဲဝေ တာဝန်ပေးအပ်ပြီး သံဃာ့နာယကဖွဲ့စည်းလွှာများ ဆက်ကပ်ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်မှ နိဂုံးချုပ်သြဝါဒကထာမြွက်ကြားပြီး ဗုဒ္ဓသါသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ကြောင်းသိရသည်။

အစည်းအဝေးကို ခရိုင်သံဃာ့နာယကကြီးကြပ်ရေးအဖွဲ့ ဆရာတော်၊ မြို့နယ်သံဃာနာယက ဆရာတော်နှင့် သံဃာ့ဝန်ဆောင်ဆရာတော်အပါး(၆၀)ဖြင့် ဆောင်ရွက်ရာ လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းခွဲသာသနာရေးမှူးနှင့် မြို့နယ် သာသနာရေးမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - အေးအေးဆင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)